Signal ကို ��င့်အတွက် ဖန်တီးပေးထားပါသည်၊ သင့်ဒေတာများနှင့် အကျိုးအမြတ်အတွက် မဟုတ်ပါ။ ကျွန်ုပ်တို့၏ မစ်ရှင်ဖြစ်သော Open source ကိုယ်ပိုင်အချက်အလက် လုံခြုံရေး နည်းပညာဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ပေးနိုင်ရေးနှင့် ကမ္ဘာတစ်ဝန်း ဆက်သွယ်မှုများ လုံခြုံစိတ်ချရစေရေးကို သင်၏ပံ့ပိုးမှုဖြင့် ကြိုးပမ်းဆောင်ရွက်ပါသည်။ သီးသန့် မက်ဆေ့ချ်လုပ်ဆောင်ချက်။ ကြော်ငြာများ မရှိ၊ ခြေရာခံခြင်း မရှိ၊ စောင့်ကြည့်ခြင်း မရှိ။
သင်၏ လှူဒါန်းမှုများသည် Signal အပေါ် မှီခိုလျက်ရှိသော ကမ္ဘာတစ်ဝန်း လူသန်း��ေါင်းများစွာအတွက် Signal ကို အသုံးပြုနိုင်စေရန် လိုအပ်သည့် ဆာဗာများနှင့် Bandwidth တို့အပါအဝင် Signal ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် ငွေပေးချေနိုင်ရန် ကူညီပေးပါသည်။
သင် လှူဒါန်းရာတွင် အီးမေးလ်တစ်ခု ပေးထားပါက သင့်အခွန်မှတ်တမ်းများအတွက် အီးမေးလ်အတည်ပြုချက် ရရှိပါမည်။ Signal Technology Foundation သည် အကျိုးအမြတ်ကို ပဓာနမထားသည့် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး US ပြည်တွင်းအခွန်ဥပဒေ ပုဒ်မ 501c3 အရ အခွန်ကင်းလွတ်ခွင့် ရထားပါသည်။ ကျွန်ုပ်တို့၏ ဖက်ဒရယ် အခွန် ID နံပါတ်မှာ 82-4506840 ဖြစ်ပါသည်။
မှတ်ချက်- Signal အက်ပ်အတွင်း သင် လှူဒါန်းမှသာလျှင် သင့် Signal အကောင့်တွင် ဘဲ့ဂျ်တစ်ခုကို လက်ခံရရှိပါမည်။
Signal သည် Cryptocurrency၊ စတော့ရှယ်ယာ လှူဒါန်းမှုများနှင့် အလှူရှင်အကြံပြု ရန်ပုံငွေများ (DAFs) မှ လက်ဆောင်များကို လက်ခံပါသည်။ အဆိုပါလှူဒါန်းမှုများကို The Giving Block မှတစ်ဆင့် စီမံဆောင်ရွက်ပါသည်။
သင့်လှူဒါန်းမှု၏ မျှတသည့် ဈေးကွက်တန်ဖိုးအတွက် US တွင် အခွန်ဖြတ်တောက်မှုကို ရရှိလိုပါက အခွန်ပြေစာ ရယူရန် အီးမေးလ်လိပ်စာ ပေးထားခဲ့နိုင်ပါသည်။ The Giving Block သည် အမည်မဖော်သည့် Cryptocurrency လှူဒါန်းမှုများနှင့် DAFs မှ လှူဒါန်းမှုများကိုလည်း ပံ့ပိုးပေးပါသည်။
မှတ်ချက်- Signal အက်ပ်အတွင်း သင် လှူဒါန်းမှသာလျှင် သင့် Signal အကောင့်တွင် ဘဲ့ဂျ်တစ်ခုကို လက်ခံရရှိပါမည်။